သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ ပင်လယ်ဓားပြတွေ စင်ကာပူသင်္ဘော ပြန်လွှတ်ပေးလိုက်ပြီ


ဆိုမားလီးယား ပင်လယ်ဓားပြတွေက ၂ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် စင်ကာပူသင်္ဘော တစင်းနဲ့ သင်္ဘောသား ၂၁ ယောက်တို့ကို လွှတ်ပေးလိုက်ပါတယ်။

ပင်လယ်ဓားပြတွေဟာ သူတို့ ကွန်းခိုနေတဲ့ ဟာရာဒီးယား ပင်လယ်ဆိပ်ကမ်းကနေ တနင်္လာနေ့မှာ ကိုတိုဂျာဝါ စင်ကာပူ ကုန်တင်သင်္ဘောကြီးကို လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ EU ဥရောပသမဂ္ဂရဲ့ ပင်လယ်ဓားပြ တိုက်ဖျက်ရေးတပ်ဖွဲ့က ဆိုပါတယ်။

EU နဲ့ ကနေဒါ သင်္ဘောတွေက လွတ်လာတဲ့ စင်ကာပူသင်္ဘောက သင်္ဘောသားတွေကို ဆေးဝါးနဲ့ တခြားပစ္စည်းများ ထောက်ပံ့ကြပါတယ်။

တနင်္ဂနွေနေ့က လွတ်လာတဲ့ တရုတ် ကုန်တင်သင်္ဘောနဲ့ သင်္ဘောသား ၂၅ ယောက်တို့အတွက် ပြန်ပေးဆွဲမှု လွတ်မြောက်ရေးအဖြစ် ဒေါ်လာ ၄,၀၀၀,၀၀၀ ပေးခဲ့ရတယ်ဆိုတဲ့ သတင်းကို EU ကရော တရုတ်ဘက်ကပါ အသိအမှတ်ပြုခြင်း မရှိပါဘူး။

တချိန်တည်းမှာပဲ ယီမင်နိုင်ငံသား သင်္ဘောသား ၁၅ ယောက်နဲ့ ကုန်တင်သင်္ဘောတစင်း ဆိုမာလီ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားကြောင်း ယီမင်အစိုးရက သတင်းထုတ်ပြန် ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG