သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမ၀င် ၀င်ရောက်သူ အမေရိကန် နိုင်ငံသားကို မြောက်ကိုရီးယား ဖမ်းဆီး


တရုတ်နယ်စပ်ကနေ ဖြတ်ပြီး မြောက်ကိုရီးယားထဲကို ပြီးခဲ့တဲ့အပတ်က တရားမ၀င် ၀င်ရောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံသား တဦးကို ဖမ်းဆီးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောလိုက်ပါတယ်။

အစိုးရအရာရှိတွေရဲ့ ကြေညာချက်ကို မြောက်ကိုရီးယား အစိုးရပိုင် ဗဟိုသတင်းဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အထဲမှာဖော်ပြထားပါတယ်။ တခြား အသေးစိတ် အချက်အလက်တွေတော့ မပါဝင်ပါဘူး။

ဒီဇင်ဘာလ ၂၄ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံထဲကို ၀င်ရောက်ခဲ့တဲ့ လူတဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ပဲ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ကြေညာချက်ဟာ ခရစ်ယာန် သာသနာပြုနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ရောဘတ် ပါ့ခ် (Robert Park) ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တဦး ပြောတာကတော့ ရောဘတ် ပါ့ခ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong-il) အတွက် လူ့အခွင့်အရေးဆိုင်ရာ မေတ္တာရပ်ခံချက်နဲ့ ခရစ်ယာန် သမ္မာကျမ်းစာအုပ်ကို သယ်ဆောင်ပြီး ခရစ္စမတ်နေ့တုန်းက မြောက်ကိုရီးယားနိုင်ငံထဲကို ၀င်သွားခဲ့တာလို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ပြောတဲ့အထဲမှာ ရောဘတ် ပါ့ခ် မြောက်ကိုရီးယားမှာ ရှိနေတယ် ဆိုတာကို အတည်ပြုနိုင်ဖို့ လွတ်လပ်တဲ့ သတင်းပေးပို့ချက်တွေ မရှိသေးဘူး ဆိုပေမဲ့လည်း သူ့ရဲ့ ကံကြမ္မာအတွက်တော့ စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG