သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဖောက်ခွဲ ကြံစည်မှု နောက်ထပ်မဖြစ်ရေး သမ္မတ အိုဘားမား သတိပေး


အမေရိကန် လုံခြုံရေးဆိုင်ရာ အေဂျင်စီတွေအကြား ဆက်သွယ်ညှိနှိုင်းမှုစနစ် ပျက်ကွက်မှုကြောင့် ဒိထရွိုက်မြို့ကို ဆိုက်ရောက်မယ့် အမေရိကန်လေယာဉ်ကို ဖောက်ခွဲဖို့ ကြံစည်မှု ဖြစ်ခဲ့ရတာလို့ သမ္မတ အိုဘားမား (Obama) က ပြောဆိုလိုက်ပါတယ်။

ခရီးသည် ၃၀၀ လိုက်ပါလာတဲ့ လေယာဉ်ကို ဗုံးခွဲဖို့ ကြိုးစားခဲ့သူ နိုင်ဂျီးရီးယား နိုင်ငံသားရဲ့ ဖခင်က သတိပေးခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ အေဂျင်စီတွေအကြား သတင်းဖလှယ်တာတွေကို ဖိဖိစီးစီး မလုပ်ခဲ့ဘူးလို့ ဟာဝိုင်ယီကျွန်းမှာ အပန်းဖြေခရီး ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လုံခြုံရေးပေါ့ဆမှုဟာ လုံး၀ လက်ခံနိုင်စရာ မရှိကြောင်း၊ အမေရိကန် ပြည်တွင်းလုံခြုံရေးအတွက် ပျော့ကွက် ဟာကွက်တွေကို အမြန်ဆုံး ပြင်ဆင်ကြမှ ဖြစ်မယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdulmutallab) ရဲ့ ဖခင်က သူ့သားရဲ့ တယူသန် ဘာသာရေးအမြင်တွေ၊ အပြုအမူတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတာနဲ့ အမေရိကန် တာဝန်ရှိသူတွေကို သတိပေးခဲ့တာကြောင့် သူ့ကို သတိထား စောင့်ကြည့်ရမယ့် စာရင်းထဲမှာ ထည့်သွင်းခဲ့ပေမဲ့ အမေရိကန်လေယာဉ်ကို စီးနင်းခွင့်မရှိတဲ့သူများ စာရင်းမှာတော့ ထည့်သွင်းမထားပါဘူး။

ဖောက်ခွဲရေးပစ္စည်းတွေကို ကိုယ်ထဲမှာဖွက်ပြီး လေယာဉ်ပေါ်ကို သူ လိုက်ပါနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ တာဝန်ခံတွေ မေးခွန်းထုတ်တာ ခံနေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG