လာမယ့် ဇန္န၀ါရီလ ၂၀ ရက်နေ့ ဆိုရင် သမ္မတ အိုဘားမား သမ္မတအဖြစ် တာဝန်ယူခဲ့တာ ပထမ တနှစ် သက်တမ်း ပြည့်ပါတော့မယ်။ သမ္မတအိုဘားမားရဲ့ သမ္မသက်တမ်း ပထမနှစ်ဟာ အမေရိကန်စီးပွားရေး ပြန်လည် နာလန်ထလာဖို့၊ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးနဲ့ အာဖဂန်နစ္စတန်မှာ ဆင်နွှဲနေတဲ့ စစ်ပွဲအပေါ် လူထုထောက်ခံမှု ပိုရလာအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေနဲ့ လူထုထောက်ခံမှု ကျဆင်းလာနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Malone ရဲ့ သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ဆက်ပြီး တင်ပြပါလိမ့်မယ်။