ဒီဇင်ဘာ ၂၈၊ ၂၀၀၉ - ကုန်လွန်ခဲ့တဲ့နှစ်ထဲမှာ ကမ္ဘာတ၀န်း စီးပွားရေး အကျပ်အတည်းတွေ ကြုံခဲ့ရပြီးတဲ့နောက် ရှေ့လမယ့်နှစ်ထဲမှာတော့ အလားအလာကောင်းတချို့ ထွက်ပေါ်လာနိုင်တဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ စီးပွားရေး ပြန်လည် နာလန်ထူလာစ အခြေအနေတွေဟာ အတိမ်းအစောင်းမခံနိုင် ဖြစ်နေဆဲမို့ စီးပွားရေးပညာရှင်တွေ၊ အကဲခတ်တွေက သတိပေး နေကြတာပါ။ ၂၀၀၉ ခုနှစ် တလျှောက် ကြုံခဲ့ရတဲ့ စီးပွားရေး ပြဿနာတွေကို ပြန်ပြောင်း အကဲခတ်ရင်း၊ ရှေ့လာမယ့်နှစ် အလားအလာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်း တင်ပြပေးထားပါတယ်။