သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်မှု နှစ်သစ်ကူးစတင်


နှစ်ဆန်းတရက်နေ့မှာ အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေးဇုံ စတင်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ ထူထောင်တဲ့ အရှေ့တောင်အာရှ ၆ နိုင်ငံများဖြစ်ကြတဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့အကြား သွင်းကုန်ထုတ်ကုန် ပစ္စည်းများအပေါ်မှာ အခွန်စည်းကြပ်မှု ၉၀ % လျော့ကျသွားတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေးဇုံကြီးတွေထဲမှာ အပါအဝင် ဖြစ်တဲ့အတွက် အဲဒီဈေးကွက်မှာ လူဦးရေ သန်းပေါင်း ၁၉,၀၀၀ ကျော် နေထိုင်ကြပြီး အမေရိကန်ဒေါ်လာ ဘီလီလျံ ၂၀၀ ဖိုး ကုန်သွယ်ကြပါလိမ့်မယ်။

၂၀၀၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်အရ ကုန်သွယ်ရေးဇုံနဲ့ သက်ဝင်ခြင်း မရှိသေးတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နန် တို့လည်း နောက် ၅ နှစ်အကြာမှာ တဖြည်းဖြည်းချင်း ပါလာမယ်လို့ သတင်းများမှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG