သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အဆိုပြုချက် ဇန်န၀ါရီလကုန် နောက်ဆုံးထား လက်ခံဖို့ အီရန်က ရာဇသံပေး


နျူကလီးယားလောင်စာဆိုင်ရာ သဘောတူညီချက်တခုအတွက် အီရန်နိုင်ငံကသတ်မှတ်ထားတဲ့ အချက်တွေကိုလက်ခံဖို့ အနောက်နိုင်ငံတွေမှာ တလအချိန်ရတယ်၊ အဲဒီလိုမှမဟုတ်ရင်တော့ အီရန်ဟာ ကိုယ့်ဖာသာ လောင်စာ စထုတ်တော့မယ်လို့ အီရန်နိုင်ငံက ပြောလိုက်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး မန်နိုချာ မိုတာကီ (Manouchehr Mottaki) က အဲဒီ ရာဇသံကို စနေနေ့မှာ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြောကြားလိုက်တာပါ။

အီရန်ရဲ့ယူရေနီယမ်အများစုကို ပြည်ပမှာ လောင်စာချောင်းအဖြစ် ပြောင်းလဲသန့်စင်ဖို့ ကုလသမဂ္ဂက ကမကထပြုတဲ့ အစီအစဉ် တရပ်ကို ပယ်ချလိုက်ပြီးတဲ့နောက် အီရန်ရဲ့ အဆိုပြုချက် ထွက်လာခဲ့တာပါ။ အဲဒီလောင်စာချောင်းတွေကို အီရန်ရဲ့ သုတေသန ဆိုင်ရာ နျူကလီးယားဓါတ်ပေါင်းဖိုမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သန့်စင်ထားတဲ့ ယူရေနီယမ် အရေအတွက်ကို လျှော့ချပြီးတော့ အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မယ့်စွမ်းရည်ကို လျှော့ချဖို့ရည်ရွယ်ပြီး အဲဒီလိုစီစဉ်တာပါ။ ဒါပေမဲ့ အီရန်ဘက်က အဆိုပြုထားတာကတော့ အနောက်နိုင်ငံတွေဆီကနေ လောင်စာချောင်းတွေ ၀ယ်ရင်ဝယ်၊ ဒါမှမဟုတ် သူ့ရဲ့ ယူရေနီယမ် နည်းနည်းနဲ့ လောင်စာချောင်းတွေကို လဲလှယ်ဖို့ဖြစ်ပါတယ။်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG