သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတရဲ့ ဝန်ကြီးအဖွဲ့ဝင် အများစု လွှတ်တော်ကပယ်ချ


အာဖဂန်သမ္မတ ဟာမစ်ဒ် ခါဇိုင်း အမည်စာရင်းတင်သွင်းထားတဲ့ သူ့အစိုးရအဖွဲ့သစ်ပါ လူအများစုကို အာဖဂန်လွှတ်တော်က ပယ်ချလိုက်ပါတယ်။ စနေနေ့က လျှို့ဝှက် မဲခွဲဆုံးဖြတ်ခဲ့တာမှာ စာရင်းပါ ၂၄ ယောက်ထဲက ၇ ယောက်ကိုပဲ လွှတ်တော်က အတည်ပြုပေးခဲ့ပြီးတော့ မစ္စတာခါဇိုင်းရဲ့ ရွေးချယ်မှုကို မကြိုက်တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြခဲ့ကြပါတယ်။

ပယ်ချလိုက်သူတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ စစ်ဘုရင်ဟောင်းဖြစ်သူ လက်ရှိ စွမ်းအင်ဝန်ကြီး အစ္စမေးလ် ခန် (Ismail Khan) လည်း ပါပါတယ်။ အစိုးရအဖွဲ့ထဲမှာ တဦးတည်းသော အမျိုးသမီးဖြစ်သူ လက်ရှိ အမျိုးသမီးရေးရာ ဝန်ကြီးဖြစ်သူကိုလည်း လွှတ်တော်က ပယ်ချခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရဲ့ စစ်ပွဲနဲ့ ပြန်လည် တည်ဆောက်ရေးတွေမှာ အဓိက ဝန်ကြီးဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေရဲ့ လက်ရှိဝန်ကြီးတွေကိုတော့ အတည်ပြုပေးခဲ့ပါတယ်။

အစိုးရအဖွဲ့သစ်က လုပ်ငန်းတာဝန်တွေ တရားဝင် မစနိုင်ခင်မှာ မစ္စတာခါဇိုင်းဟာ နောက်တကျော့ အမည်စာရင်းကို လွှတ်တော်ရဲ့အတည်ပြုချက်ယူဖို့ တင်သွင်းရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG