သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဖောက်ခွဲရေး ကြံစည်သူကို စစ်ဆေးဖို့ အစီအစဉ်ရှိခဲ့


ခရစ္စမတ်နေ့က အမေရိကန် လေယာဉ်ပေါ်မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့သူကို ဒိထရွိုက်မြို့မှာ လေယာဉ်ဆင်းသက်တဲ့အခါ သီးခြားစစ်ဆေးမှုတွေ၊ မေးမြန်းမှုတွေ လုပ်ရမယ့် လူတယောက်အဖြစ် သတ်မှတ်ခဲ့ကြောင်း အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကနေ ဒိထရွိုက်မြို့ကို ပျံသန်းမယ့် ခရီးစဉ်အတွင်း ပုံမှန်ခရီးသည်တွေကို စစ်ဆေးမှုတွေမှာ အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdulmutallab) ဟာ အစွန်းရောက် အုပ်စုတွေနဲ့ ဆက်နွယ်မှု ရှိနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အသက် ၂၃ နှစ် အရွယ်ရှိ နိုင်ဂျီးရီးယား နိုင်ငံသားဖြစ်တဲ့ အူမာ ဖာရွတ်ဟာ သူလိုက်ပါလာတဲ့ လေယာဉ် ဒိထရွိုက်မြို့ကို ရောက်ကာနီး ဖောက်ခွဲဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေကိုတော့ သမ္မတ အိမ်ဖြူတော်က ဒီကနေ့ပဲ ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမေရိကန် စံတော်ချိန် မွန်းလွဲပိုင်းမှာ မိန့်ခွန်းပြောဆိုဖို့လည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG