သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုဆိုးမတွေအတွက် အကျိုးပြုမယ့် အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေပြင်ဆင်ချက်


အမေရိကန် နိုင်ငံသားတဦးကို လက်ထပ်ပြီး ဒီနိုင်ငံမှာ ပြောင်းရွှေ့အခြေချတဲ့ ဇနီးသည်တဦးအနေနဲ့ သူ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ၂ နှစ်အတွင်း အကြောင်းကြောင်းကြောင့် ကွယ်လွန်ခဲ့တယ်ဆိုရင် အဲဒီဇနီးသည်ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့် မရှိတော့ဘဲ ဌာနေကို ပြန်ပို့ခံရမယ်ဆိုတဲ့ လက်ရှိ လူဝင်မှုကြီးကြပ်ရေးဥပဒေကို လွှတ်တော် ၂ ရပ်က ဖျက်သိမ်းပစ်ဖို့ မကြာသေး ခင်က သဘောတူဆုံးဖြတ်လိုက်တဲ့အတွက် အမျိုးသမီးအရေး အကျိုးဆောင်တွေက ကြိုဆိုလိုက်ကြပါတယ်။ အကြောင်းစုံကို ဒီသတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG