သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဖောက်ခွဲဖို့ ကြံစည်သူ နိုင်ဂျီးရီးယား နိုင်ငံသား ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးမည်


ခရစ္စမတ်နေ့တုန်းက အမေရိကန်လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားခဲ့တဲ့ နိုင်ဂျီးရီးယား နိုင်ငံသား အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdulmutallab) ရဲ့ အမှုကို ဒီကနေ့ ပထမဆုံးအကြိမ်ဖြစ် ရုံးထုတ်ဖို့ ရှိပါတယ်။ ဒိထရွိုက်မြို့ တရားရုံးတခုမှာ ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် အူမာ ဖာရွတ်ဟာ လူအများအပြားကို သေစေနိုင်တဲ့ လက်နက်ကို သုံးစွဲပြီး သတ်ဖြတ်ဖို့ ကြံစည်မှု အပါအဝင် ပြစ်မှုကျူးလွန်မှု ၆ ခုနဲ့ အရေးယူ ခံထားရတာပါ။

သူဟာ အမ်စတာဒမ်ကနေ ဒိထရွိုက်မြို့ကို ပျံသန်းလာတဲ့ လေယာဉ်မှာ သူ့အတွင်းခံထဲထည့်ပြီး သယ်ဆောင်လာတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားခဲ့တာလို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။ ပြစ်မှုထင်ရှားခဲ့ရင် သူဟာ ထောင်ဒဏ်တသက် ကျနိုင်ပါတယ်။ ဒိထရွိုက်မြို့က တရားရုံးမှာ လုံခြုံရေးတွေ အမြင့်ဆုံး ချထားမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

သံသယနဲ့ စွပ်စွဲပြီး အရေးယူထားတာကို ကန့်ကွက်တဲ့ မွတ်ဆလင်အုပ်စုတခု အပါအဝင် ဆန္ဒပြတဲ့ သူတွေကလည်း တရားရုံးအပြင်မှာ ရှိနေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခုကြားနာစစ်ဆေးမှုဟာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေ အကြမ်းဖက်မှုကို ကြိုတင်တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ မနေ့တုန်းက သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အပြစ်တင် ပြောဆိုခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG