သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်ပြဿနာ စေ့စပ်ဖြေရှင်းရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဘင်္ဂလားပင်လယ်အော်မှာ ရေနယ်နိမိတ်နဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်နေခဲ့တာကို ဖြေရှင်းဖို့ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မယ်လို့ နှစ်ဘက်ကိုယ်စားလှယ်တွေက ပြောကြားသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှာ ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်ကို စနေနေ့ကပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

တရားမျှတမှုနဲ့ အကွာအဝေး ညီမျှမှုကို အခြေခံထားတဲ့ စည်းမျဉ်းတွေနဲ့ ရေနယ်နိမိတ်မျဉ်း သတ်မှတ်မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဆွေးနွေးမှုကိုတော့ မြန်မာနိုင်ငံမှာ ဧပြီလလောက် ကျင်းပမယ်လို့ နှစ်ဘက် ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခု အငြင်းပွားနေတဲ့ ဒေသဟာ မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်ထဲမှာ ရှိနေတယ်လို့ မြန်မာဘက်က ပြောပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး တွင်းတွေ ဆောက်ထားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ မြန်မာနိုင်ငံပြောတဲ့ ပိုင်ဆိုင်မှုဒေသဟာ သိပ်ပြီးတော့ ကြီးလွန်းတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG