သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာဗုံးကွဲ၊ ဗြိတိန်သတင်းထောက် သေဆုံး


တနင်္ဂနွေနေ့က အာဖဂန်နစ္စတန် တောင်ပိုင်း ဟဲလ်မန်း (Helmand) ပြည်နယ်မှာ လမ်းဘေးထောင် ကားဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် အမေရိကန် မရိမ်းတပ်သား တဦးနဲ့ ဗြိတိန်နိုင်ငံ The Sunday Mirror ရဲ့ ဝါရင့် စစ်ရေးသတင်းထောက် ရူးပတ် ဟမ္မား (Rupert Hamer) တို့ သေဆုံးသွားခဲ့ကြပါတယ်။

အမေရိကန် မရိမ်းတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အဲဒီသတင်းစာရဲ့ ဓာတ်ပုံဆရာ ဖိလစ် ကိုဘန်း (Philip Coburn) တို့ဟာလည်း အပြင်းအထန် ဒဏ်ရာတွေ ရရှိသွားခဲ့ကြပါတယ်။

ဟမ္မားနဲ့ ကိုဘန်းတို့ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့က အာဖဂန်နစ္စတန်ကို ရောက်ရှိလာခဲ့ကြပြီး သူတို့ရဲ့ ခရီးစဉ်ဟာ စီစဉ်ထားချက်အရ တလကြာမှာ ဖြစ်ပါတယ်။

ဟမ္မားဟာ အာဖဂန်စစ်ပွဲမှာ ပထမဦးဆုံး သေဆုံးရတဲ့ ဗြိတိသျှ သတင်းသမားတဦး ဖြစ်ပြီး မစ္စတာဟမ္မားဟာ သူရသတ္တိနဲ့ ပြည့်စုံပြီး အရည်အချင်း ပြည့်ဝတဲ့ ရှေ့တန်း စစ်မြေပြင် သတင်းသမားတဦး ဖြစ်ကြောင်း ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ချီးကျူး ပြောကြားလိုက်ပါတယ်။

တောင်ပိုင်း ကန်ဒါဟာပြည်နယ်မှာလည်း အလေးချိန် ၂၂၅ ကီလိုဂရမ်ရှိတဲ့ ဗုံးတလုံး မြှုပ်နှံထားတဲ့ နေရာကို ဒေသခံတဦးက ညွန့်ပေါင်းတပ်ဖွဲ့တွေကို ညွှန်ပြခဲ့တာကြောင့် မရေမတွက်နိုင်တဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် လူပေါင်းများစွာရဲ့ အသက်ကို အဲဒီပုဂ္ဂိုလ်က ကယ်တင်ခဲ့တယ်လို့ အီတလီ ဗိုလ်မှူးချုပ် လူဝီဂျီ စကော်လိုက ချီးကျူး ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG