သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို အရေးယူဖို့ အမေရိကန်နဲ့ အင်အားကြီး ၅ နိုင်ငံ စည်းဝေးမည်


အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ တခြား အင်အားကြီး ၅ နိုင်ငံက ကိုယ်စားလှယ်တွေဟာ ဒီသီတင်းပတ် နှောင်းပိုင်းကျရင် နယူးယောက်ခ်မြို့မှာ တွေ့ဆုံဆွေးနွေးကြလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြေညာလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့ အီရန်အရေး ဆွေးနွေးကြမယ့် အကြောင်းကို သူ့ရဲ့ အာရှ၊ ပစိဖိတ် ခရီးစဉ်ကို လိုက်ပါလာကြတဲ့ သတင်းထောက်တွေကို ၀န်ကြီး ကလင်တန်က လေယာဉ်ပေါ်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မစ်စ်ကလင်တန်ဟာ ဟာဝိုင်ယီကတဆင့် သြစတြေးလျ၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ နိုင်ငံတွေကို ခရီးထွက်ခွာတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံအပေါ်မှာ ဖိအားပေးတာနဲ့ ပိတ်ဆို့ဒဏ်ခတ်တဲ့ စနစ်နှစ်ခုစလုံးကို အတူတွဲပြီး ချဉ်းကပ် ဆောင်ရွက်သွားမယ်လို့ ၀န်ကြီး ကလင်တန်က ဆိုပါတယ်။

အရေးယူ ပိတ်ဆို့ ဒဏ်ခတ်ရာမှာ အီရန်ရဲ့ ဆုံးဖြတ်ချက်ချသူတွေ၊ အရေးပါတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှာ ဖြစ်တယ်လို့ ၀န်ကြီး ကလင်တန်က ပြောကြားခဲ့ပေမဲ့ အီရန်ခေါင်းဆောင်တွေ ဘယ်သူတွေ ဖြစ်တယ်ဆိုတာတော့ အတိအကျ ပြောဆိုသွားခြင်း မရှိပါဘူး။

ဒါပေမဲ့ အီရန်က သြဇာအာဏာ ကြီးမားတဲ့ အီရန်တော်လှန်ရေး အစောင့်တပ်ကို ရည်ညွှန်းတာ ဖြစ်မယ်လို့ သတင်းထောက်တွေက ယူဆကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG