သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် လွတ်လပ်မှု ဆုံးရှုံးဆဲ


အာရှနိုင်ငံတွေထဲမှာ လွတ်လပ်ခွင့်တွေ သိသိသာသာ တိုးတက်လာတာ တွေ့ခဲ့ရပေမဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စတဲ့ အခြေခံကျတဲ့ နယ်ပယ်တွေမှာတော့ ရုန်းကန်နေရဆဲ တွေ့ရတယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့က ပြောဆိုလိုက်ပါတယ်။

တရုတ်၊ တိဘက်၊ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သိပ်ကို စိုးရိမ်ရတဲ့ အဆင့်မှာ ရှိနေတယ်လို့ Freedom House ရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာ စစ်တမ်းမှာ ဖော်ပြလိုက်တာပါ။

မြန်မာ၊ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယား နိုင်ငံတွေမှာ ပြည်သူလူထုရဲ့ အခြေခံ အခွင့်အရေးတွေကို ဆက်လက် ဖိနှိပ်နေဆဲ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ကမ္ဘာတဝန်း လူဦးရေ သန်းပေါင်း ၂,၃၀၀ ကျော်ဟာ အခြေခံ နိုင်ငံရေး အခွင့်အရေးတွေနဲ့ လူမှုလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေကြတဲ့ အကြောင်း၊ တရုတ်နဲ့ တိဘက်မှာ အပြောင်းအလဲတွေ သိပ်တွေ့ရမယ့်ပုံ မပေါ်ဘဲနဲ့ မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံမှာလည်း တည်ငြိမ်မှု လျော့ပါးလာတယ်လို့ အစီရင်ခံစာမှာ ဆန်းစစ် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာအောင် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ကြိုးပမ်းမှုတွေဟာလည်း မအောင်မြင်ခဲ့တာကြောင့် လွတ်လပ်မှုမရှိဆုံး နိုင်ငံတွေထဲမှာ၊ မတိုးတက်ဘဲ တန့်နေတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံဟာ ရပ်တည်နေရဆဲ ဖြစ်တယ်လို့ Freedom House အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG