ကာရေဘီယံ ကျွန်းနိုင်ငံဖြစ်တဲ့ ဟေတီကို ၇ ရစ်ချ်တာစကေး ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။
အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ မြေငလျင် လှုပ်ခတ်သွားတာဖြစ်ပြီး နောက်ပိုင်းမှာလည်း ၅.၉ နဲ့ ၅.၅ ရစ်ချ်တာစကေး အသီးသီးရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ထပ်ပြီး လှုပ်ခတ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ စူးစမ်းလေ့လာရေးဌာနက ပြောပါတယ်။
ပေါ့တ် အို ပရင့်စ် (Port-au-Prince) မြို့တော်နဲ့ ၁၀ မိုင်အကွာလောက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလည်း ဖြစ်ပါတယ်။
အိမ်နီးချင်း ဒိုမီနီကန် ရီပတ်ဘလစ်၊ ကျူးဘားနဲ့ ဘဟားမား ကျွန်းနိုင်ငံတွေမှာလည်း ဆူနာမီ စောင့်ကြည့်ရေး သတိပေးမှုတွေကို ထုတ်ပြန်ထားပါတယ်။
ဒီမြေငလျင်ကြောင့် ဟေတီမှာ ဆေးရုံတခု အပါအဝင် အဆောက်အဦးတွေ ပြိုကျသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။