အခုလာမယ့် သောကြာနေ့ ဇန်န၀ါရီလ ၁၅ ရက်နေ့ကြရင် မြန်မာပြည် အပါအ၀င် အာရှနိုင်ငံ တချို့မှာ နေကြတ်လိမ့်မယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီခွဲအထိ စုစုပေါင်း ၃ နာရီခွဲလောက် ကြာမှာဖြစ်လို့ ဒါဟာ ဒီရာစုနှစ်အတွင်း အချိန်အကြာဆုံး နေကြတ်တာ ဖြစ်ပါလိမ့်မယ်။ အရင် အကြာဆုံး နေကြတ်ခဲ့ဖူးတာက ၁၁ မိနစ်နဲ့ ၈ စက္ကန့်ပဲ ရှိခဲ့ပါတယ်။
အခုလာမယ့် နေကြတ်မှုဟာ အာဖရိက အလယ်ပိုင်းကစပြီး အိန္ဒိယသမုဒ္ဒရာကို ဖြတ်လာပြီး အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေမှာ နေကြတ်မှုဖြစ်မှာ ဖြစ်ပါတယ်။
နေကြတ်တာကို မြန်မာပြည်မှာ ထင်ထင်ရှားရှား မြင်တွေ့နိုင်မယ့် နေရာတွေကတော့ စစ်တွေ၊ ရွှေဘို၊ မန္တလေး၊ မုံရွာ၊ မေမြို့နဲ့ လားရှိုးမြို့တွေ ဖြစ်ပါတယ်။