(၆၂) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီဇင်ဘာလ (၃၀) ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာပြည်သူပြည်သားတွေ မျှော်မှန်းသလို ဒီမိုကရေစီပြုပြင်ရေးလုပ်ရင် ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ အဆင်သင့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာတာဖြစ်ပါတယ်။ နောက် ဇန်နဝါရီလ (၄) ရက်နေ့ရောက်တော့ ဗမာစစ်အစိုးရ ဒီမိုကရေစီပြုပြင်ရေးလုပ်တာ မတွေ့ရသေးလူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အရင်က ဘုချ် အစိုးရဝိုင်းပယ်ထားတဲ့ အီရန်နဲ့ ဗမာစစ်အစိုးရလို အစိုးရမျိုးကို ဆက်ဆံဆွေးနွေးတဲ့အတွက် အိုဘားမားလမ်းစဉ်ကို ပျော့ပျောင်းတဲ့လမ်းစဉ်ကို ယူဆစရာဖြစ်လာပါတယ်
အိုဘားမားအစိုးရရဲ့ ထူးခြားချက်က အခြားအစိုးရတွေရဲ့ အပြုအမှုကို အဓိကထားတာ ဖြစ်ပါတယ်။ မကောင်းတဲ့အစိုးရကို ဖယ်ရှားဖို့ စိတ်မကူးပါဘူး။ မူဝါဒသစ်ကို ရှင်းပြတာ လူသစ်ခန့်တာနဲ့ တနှစ်ကုန်သွားတဲ့အတွက် သမ္မတသက်တမ်း ပထမနှစ် ၂၀၀၉ ခုနှစ်မှာ နိုင်ငံခြားရေးရာအောင်မြင်မှု ပြစရာမရှိ ဖြစ်သွားပါတယ်။ ဆက်ဆံဆွေးနွေးတိုင်း လက်တွဲလုပ်ကိုင်နိုင်တာ မဟုတ်ပေမယ့် ခွင့်လွတ်နိုင်စရာမရှိတဲ့ မှုခင်းကြီးကို ကျူးလွန်ခဲ့သူ တရုတ်ခေါင်းဆောင် မော်စီတုန်းကိုတောင် တွေ့ဆုံဆွေးနွေးရပါတယ်။ ဒီလို မကောင်းဆိုးဝါးကြီးကို အမေရိကန်သမ္မတ နစ်ဆင် (Nixon) က တွေ့ဆုံဆွေးနွေးတဲ့အတွက် တရုတ်ပြည်ကို တံခါးဖွင့်ပေးနိုင်တာ မဟုတ်ပါလားလို့ နိုဘယ်လ်ဆု ယူစဉ်က သမ္မတ အိုဘားမား က ထောက်ပြပြောဆိုပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ ဗမာစစ်အစိုးရနဲ့ ဆက်ဆံဆွေးနွေးတာဟာလည်း သဘောထားပြောင်းမလားဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဖြစ်ပါတယ်။ အခုမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ အထက်လွှတ်တော်အမတ် Jim Webb တို့က ဗမာစစ်အုပ်စုကို သွားတွေ့တာပါ။ လွန်ခဲ့တဲ့ (၁၆) နှစ်လောက်ကလည်း ကွန်ဂရက်လွှတ်တော်အမတ် Bill Richardson ဟာ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ နောက်တော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ Alvaro de Soto, Razali Ismail နဲ့ Ibrahim Gambari စတဲ့ ပုဂ္ဂိုလ်တွေကလည်း တွေ့ဆုံဆွေးနွေးပြီး ဗမာစစ်ခေါင်းဆောင်တွေ စိတ်ပြောင်းအောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့မှာ အောင်မြင်မှုဆိုလို့ ပြစရာတခုမှ မရှိခဲ့ပါဘူး။
အိုဘားမားအစိုးရရဲ့ ဆက်ဆံရေးနည်းဗျူဟာမှာ သည်းခံပြီးဆက်ဆံရေးကို အဓိကထားပေမယ့် အတိုင်းအဆမရှိ သည်းခံမှာတော့ မဟုတ်ပါဘူး။ အီရန်အစိုးရနဲ့ ဆက်ဆံရာမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ ဒဏ်ခတ်အရေးယူရေးလမ်းစဉ် ယှဉ်တွဲကျင့်သုံးပုံကို အထင်အရှား တွေ့မြင်နိုင်ပါတယ်။ အရေးယူဒဏ်ခတ်ရာမှာ ကျွမ်းကျင်တဲ့ Republican ပါတီဝင် Stuart Levey ကို ဒု-ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ပြီး အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာထောက်လှမ်းမှုမှာ တာဝန်ပေးထားတာကို ကြည့်ပြီး ဒဏ်ခတ်မှုကို အဓိကထားတယ်လို့ သုံးသပ်ကြပါတယ်။ ကာကွယ်ရေးဝန်ကြီးကလည်း Republican ပါတီဝင်ဖြစ်တဲ့အတွက် အမျိုးသားလုံခြုံရေးမှာ အိုဘားမားဟာ သမ္မတဟောင်းနဲ့ သိပ်ပြီးကွဲပြားခြားနားတာ မဟုတ်ဘူးလို့ ယူဆသူတွေလည်း ရှိကြပါတယ်။
လူ့အခွင့်အရေး မြှင့်တင်တဲ့ကိစ္စဟာ အခြားနိုင်ငံတွေနဲ့ စုပေါင်းလုပ်ဆောင်ရမယ့်အလုပ် ဖြစ်တယ်လို့လည်း အိုဘားမား က မြင်ပါတယ်။ ဒါပေမဲ့ (၂) နိုင်ငံဆက်ဆံရေးမှာလည်း အစိုးရကိုရော ပြည်သူလူထုကိုရော ဆက်ဆံပြီး လူ့အခွင့်အရေး မြှင့်တင်ရမယ်လို့လည်း ဆိုပါတယ်။ ဗမာဝန်ကြီးတွေ ကုလသမဂ္ဂကိုသွားရင် နယူးရော့ခ်မြို့ကလွဲပြီး အခြားနေရာကို သွားခွင့်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဆက်ဆံဆွေးနွေးရေး မူဝါဒကို စတင်ကျင့်သုံးလာတဲ့အနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် ဗမာနိုင်ငံခြားရေးဝန်ကြီးကို ဝါရှင်တန်မြို့တော်ကို လာရောက်လည်ပတ်ခွင့် ပြုလိုက်ပါတယ်။ ဗမာစစ်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည် ကို သံတမန်အချို့နဲ့ တွေ့ခွင့်ပြုလိုက်ပါတယ်။ အခုအချိန်အထိတေ့ ဒီအဆင့်ပဲ ရှိပါသေးတယ်။
အများသဘောတူချက်ရယူပြီး စုပေါင်းလုပ်ကိုင်နိုင်တဲ့ကိစ္စရှိသလို မလုပ်နိုင်တာလည်းရှိပါတယ်။ အဏုမြူလက်နက် မပြန့်ပွားရေး၊ အကြမ်းဖက်သမား တိုက်ဖျက်ရေး၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး စတဲ့ ကိစ္စတွေမှာ ပူးတွဲလုပ်ကိုင်ရတာ အဆင်ပြေစရာ ရှိနိုင်ပေမယ့် ဒဏ်ခတ်အရေးယူတဲ့ကိစ္စမှာတော့ အကျိုးအကြောင်း မှန်ကန်တိုင်း ပူးတွဲလုပ်ကိုင်နိုင်တာ မဟုတ်ပါဘူး။ ဥပမာ မြောက်ကိုရီးယားနဲ့ ဗမာအစိုးရကိစ္စတွေမှာ တရုတ်နဲ့ ရုရှားတို့ဟာ အမေရိကန်နဲ့ လက်မတွဲဖို့ ဆုံးဖြတ်ထားပုံ ရှိပါတယ်။ အီရန်အစိုးရကို ဖိအားပေးရာမှာလည်း အမေရိကန်မျှော်လင့်ထားသလို တရုတ်နဲ့ရုရှားတို့က မလုပ်နိုင်တာ ထင်ရှားနေပါတယ်။
ဒါကြောင့် အမေရိကန်အစိုးရ ဖြစ်စေချင်တာတွေကို ဗမာစစ်အစိုးရက မလုပ်နိုင်ဘူးဆိုရင် ဘယ်လို အရေးယူမလဲလို့ မေးစရာရှိလာပါတယ်။ ဗမာစစ်အစိုးရဟာ သဘာဝဓါတ်ငွေ့ရောင်းလို့ရတဲ့ ငွေတွေကို နိုင်ငံခြားဘဏ်တိုက်တွေမှာ အပ်နှံထားပါတယ်။ ဒီငွေတွေကို ဗမာစစ်အုပ်စု ထုတ်ယူလို့ မရအောင် အမေရိကန်အစိုးရက လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ်ကို မြောက်ကိုရီးယားအစိုးရ အသုံးမပြုနိုင်အောင် အမေရိကန်က တားမြစ်နိုင်ခဲ့တဲ့ သာဓက ရှိပါတယ်။ အခုတော့ သည်းခံပြီး ဗမာစစ်အစိုးရကို ဆက်ဆံဆွေးနွေးနေလို့ ဒီနည်းကို မသုံးသေးပါဘူး။ အရင် အကျင့်ဟောင်းကို မပြောင်းရင်တော့ ဗမာစစ်အစိုးရကို အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ် အဆက်ပြတ်သွားအောင် အိုဘားမားအစိုးရက ထိထိရောက်ရောက် အရေးယူလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။