ဒုတိယကမ္ဘာစစ်အတွင်း နယ်သာလန်နိုင်ငံမှာ ဂျူးလူမျိုးမိသားစုတစုကို အသက်စွန့်
အကူအညီပေးခဲ့သူ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ မိဂီးစ် ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
နာဇီဂျာမဏီတို့ အုပ်ချုပ်မှုအောက်အတွင်း ရက်ရက်စက်စက် သက်သေထူနိုင်ခဲ့တဲ့ Anne
Frank’s Diary ဆိုတဲ့ ကမ္ဘာကျော် လူကြိုက်များလှတဲ့
စာအုပ်နဲ့ ရုပ်ရှင်ရဲ့ တကယ့်အဖြစ်အပျက်မှာ အဓိက သရုပ်ဆောင်ကတော့ မိဂီးစ် ပါပဲ။
ဒါနဲ့ပတ်သက်လို့ အခုသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က
တင်ပြထားပါတယ်။