သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ရွေးကောက်ပွဲ ကုလ ဝင်စွက်ဖက်ဟု ကော်မရှင် စွပ်စွဲ


အီရတ်နိုင်ငံမှာ မကြာခင် ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲတွေမှာ လူ ၅၀၀ နီးပါးကို ဝင်ပြီး မရွေးမခံနိုင်အောင် တားမြစ်ထားတဲ့ အီရတ် ရွေးကောက်ပွဲ ကော်မတီက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

မတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရလို့ တားမြစ်ထားသူတွေကို ဝင်ပြိုင်ခွင့် ပြုဖို့အတွက် အီရတ်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အကြီးအကဲ အတ်ဒ် မဲလ်ခါ့ (Ad Melkert) က ကော်မရှင်ကို တနင်္ဂနွေနေ့က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဝင်ရလို့ အတားခံထားရတဲ့ သူတွေဟာ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဆက်ဒမ် ဟူစိန် (Saddam Hussein) ရဲ့ ဘာ့သ်ပါတီ (Baath Party) နဲ့ ဆက်နွယ်မှု ရှိနေသူတွေလို့ စွပ်စွဲခံထားရပါတယ်။

အဲဒီလို တားဆီးတာဟာ အီရတ်နိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အားထုတ်မှုတွေကို ထိခိုက်စေတယ်လို့ နိုင်ငံရေးသမား တော်တော်များများက ပြောနေကြပါတယ်။

အီရတ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ထင်သာမြင်သာရှိပြီး လွတ်လပ်မျှတ အားလုံးပါဝင်နိုင်စေဖို့အတွက် အမေရိကန် ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) ကလည်း တနင်္ဂနွေနေ့ကပဲ တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG