သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ကျန်းမာရေးသတင်း နှစ်ချုပ်


ဇန်နဝါရီ ၆၊ ၂၀၁၀၊ ဝက်တုပ်ကွေးလို့ လူတွေအကြား အသိများတဲ့ A H1N1 တုပ်ကွေးဗိုင်းရပ်သတင်းဟာ ကျန်းမာရေးသတင်းသာမက တကမ္ဘာလုံးမှာ ပြီးခဲ့တဲ့နှစ်အတွင်း ထိပ်တန်းသတင်းဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းကစလို့ မက်ဆီကိုမှာဖြစ်တဲ့ တုပ်ကွေးဗိုင်းရပ်ကို ကမ္ဘာ့ကျန်းမာရေးတာဝန်ရှိသူတွေ သတိပြုမိခဲ့ပါတယ်။ ဇွန်လ လယ်မှာတော့ A အမျိုးအစား H1N1 တုပ်ကွေးဗိုင်းရပ်ကို ကမ္ဘာကပ်ဘေးရောဂါအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။

အောက်တိုဘာလအတွင်းမှာတော့ ပထမဆုံး ရောဂါကာကွယ်ဆေးတွေကို ဦးစားပေးအဆင့်သတ်မှတ်ပြီး ဖြန့်ဝေခဲ့ပါတယ်။ ကျန်းမာရေးလုပ်သားတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အခြားရောဂါအခံ ရှိပြီးသားလူတွေကို ဦးစားပေး ဖြန့်ဝေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ရောဂါပျံပွားမှု ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ဖြစ်ခဲ့ပြီး၊ အခု ၂၀၁၀ နှစ်ဆန်းပိုင်းမှာတော့ ရောဂါပျံပွားမှု တတိယလှိုင်းဖြစ်လာနိုင်ချေရှိတယ်လို့ ခန့်မှန်းမှုတွေ ရှိပါတယ်။

အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်မဖြစ် စစ်ဆေးတဲ့ မန်မိုဂရမ်လုပ်တာ အသက် သတ်မှတ်ချက်နဲ့ပတ်သက်လို့ အကြံပေးချက်အသစ်ထွက်လာတာကြောင့် ဒီအပေါ်မှာ ဆွေးနွေးငြင်းခုံမှုတွေဟာလည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ ထိပ်တန်းကနေရာယူခဲ့တဲ့ ကျန်းမာရေးသတင်းဖြစ်ခဲ့ပါတယ်။

အမေရိကန်စစ်တပ်အတွင်း မိမိကိုယ်ကို သတ်သေမှုနှုန်းမြင့်မားခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အမေရိကန်စစ်တပ်အတွင်း စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ သတင်းဟာလည်း ထိပ်တန်းသတင်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း စိတ်အားတတ်စရာ သတင်းကောင်းတွေလည်း ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်းထုတ်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာသစ်အရ ကမ္ဘာမှာ အသက် ၅နှစ်အောက် ကလေးငယ်သေဆုံးမှုနှုန်းဟာ အရင်ကထက် သိသိသာသာ လျော့ကျသွားပါတယ်။ ငှက်ဖျားရောဂါ ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးရည်စိမ် ခြင်ထောင်အသုံးပြုတဲ့အစီအစဉ်တွေ၊ မိခင်နို့တိုက်ကြွေးရေးအစီအစဉ်တွေ၊ ဝမ်းရောဂါနဲ့ အဆုပ်အအေးမိရောဂါအတွက် ပိုမိုကောင်းမွန်တဲ့ကုသနည်းသစ်တွေ စသဖြင့် ရောဂါကာကွယ်ရေး ရောဂါထိန်းချုပ်ရေးအစီအစဉ်တွေ ဒီနှစ်အတွင်း ပိုများလာတဲ့သတင်းတွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG