သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Google နဲ့ တရုတ်အာဏာပိုင်တို့ ညှိနှိုင်းဆွေးနွေး


အင်တာနက် ဆက်သွယ်ရေးကတဆင့် ကွန်ပျူတာတွေကို ဝင်ဖျက်တာ၊ ဆင်ဆာလုပ်တာနဲ့ တခြားကိစ္စတွေကြောင့် အငြင်းပွားခဲ့ကြတဲ့ ဂူဂဲလ် (Google) ကုမ္ပဏီကြီးနဲ့ တရုတ်တာဝန်ရှိသူတွေကြား ဆွေးနွေးပွဲတွေ စတင်နေပြီ ဖြစ်ပါတယ်။ မကြာမီမှာ တရုတ် တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ဆွေးနွေးကောင်း ဆွေးနွေးမယ်လို့ Bloomberg ငွေကြေးသတင်းဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီရဲ့ သတင်းမှာ ဖော်ပြထားတာပါ။

တရုတ်နိုင်ငံက ပုံနှိပ်ထုတ်ဝေရေးကိုရော အင်တာနက်ကိုပါ ထိန်းချုပ် ဆင်ဆာလုပ်ပါတယ်။ သူ့ အင်တာနက် စာမျက်နှာမှာ ရှာဖွေတဲ့အခါ ဆင်ဆာလုပ်ခိုင်းထားတာတွေကို မလုပ်တော့ဘူးလို့ ပြီးခဲ့တဲ့အပတ်က ဂူဂဲလ်က ပြောခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဂူဂဲလ်ရဲ့ လုပ်ပိုင်ခွင့်လိုင်စင် ရုပ်သိမ်းခံရမယ့်သဘော ဖြစ်ပါတယ်။ ကမ္ဘာမှာ အကြီးမားဆုံး တရုတ် အင်တာနက် ဈေးကွက်ကို ဂူဂဲလ်က စွန့်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဂူဂဲလ် အီးမေးတွေကို အင်တာနက်က ဆက်တိုက် ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးတဲ့နောက် ဂူဂဲလ်က အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို အတိုက်ခံရတဲ့ သူတွေထဲမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အီးမေးလ်တွေလည်း ပါဝင်ပါတယ်။ ဒီလူတွေက အစိုးရကို ဝေဖန်ကြတဲ့ သူတွေထဲမှာ ပါဝင်ပါတယ်။

သူ့ဝန်ထမ်းတွေက အဲဒီလို တိုက်ခိုက်ဖို့ လွယ်ကူအောင် လုပ်ပေးခဲ့သလား ဆိုတာကို စုံစမ်းနေတယ်လို့ ဂူဂဲလ်က ပြောပါတယ်။ ဂူဂဲလ် တချို့ဝန်ထမ်းတွေကို တရုတ်ပြည်ကနေ ဟောင်ကောင်ကို ရွှေ့လိုက်ပြီလို့ တရုတ်မဂ္ဂဇင်း ကိုင်ဂျင်း (Caijing) က ဆိုပါတယ်။

အင်တာနက်အတွင်း တိုက်ခိုက်မှုတွေကို ဆိုင်ဘာ တိုက်ခိုက်မှုလို့ ခေါ်ပြီး တရုတ်နဲ့ တခြားနေရာတွေမှာ ဒီလို တိုက်ခိုက်တာတွေက ပိုပြီး ပညာပါလာတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG