သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစာနဲ့ကုန်ဈေးနှုန်း အပြိုင်တက်


မြန်မာနိုင်ငံမှာ လစာနည်း အရပ်ဖက် ဝန်ထမ်းတွေကို အစိုးရက လစာကျပ် နှစ်သောင်းစီ တိုးပေးမယ်လို့ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာနက အမိန့်စာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ အခြေခံစားကုန်နဲ့ လူသုံးကုန်ပစ္စည်းတချို့ ဈေးတွေမြင့်တက်သွားပါတယ်။ ငွေကြေးတတ်နိုင်သူတချို့ကလည်း ဈေးတက်မှာစိုးလို့ ကုန်ပစ္စည်းတွေဝယ်ပြီး လှောင်နေကြတာကြောင့် ဈေးကျရိပ် မမြင်ဘူးလို့လည်း ရန်ကုန်မြို့ခံတွေ့ ပြောနေကြပါတယ်။ လစတိုးပေးတဲ့ အထဲမှာ နေ့စားဝန်ထမ်းတွေ၊ ယာယီဝန်ထမ်းတွေလည်းပါပြီး လက်ရှိ လစာရဲ့ နှစ်ဆ တိုးသွားပေမယ့် လစာနဲ့ အပြိုင်တက်ဖို့ တာဆူနေတဲ့ ကုန်ဈေးနှုန်းကြောင့် အခက်အခဲတွေ ရှိနေကြတဲ့အကြောင်းကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG