၂၀၁၀ မှာ စစ်အစိုးရက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်အားစုတွေအကြား အမြင်တူညီကြပါရဲ့လား။ တကယ်လို့သာ အမြင် ကွဲပြားနေကြမယ်ဆိုရင် ဒီလို ကွဲပြား ခြားနားချက်တွေဟာ စစ်အစိုးရရဲ့ အားသာချက် ဖြစ်မသွားနိုင်ဘူးလားဆိုတာကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ NLD ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် တဦးလည်းဖြစ်တဲ့ ဦးအုန်းကြိုင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုက အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။