သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ထိုးစစ် ကရင်ရွာသားတွေ ထွက်ပြေးရ


မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ကရင်ရွာတွေကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကရင်ရွာသူ ရွာသားပေါင်း ၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ Free Burma Rangers ခေါ် ပဋိပက္ခ ဒေသအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုတွေက ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာလို့ ပဋိပက္ခ ဒေသအတွင်းက ပြည်သူတွေကို အကူအညီ ပေးနေတဲ့ နောက်အဖွဲ့တဖွဲ့ဖြစ်တဲ့ CIDKP အဖွဲ့က စောစတိဖ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အခုအချိန်ထိလည်း တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ရွာသူရွာသားတွေဟာ ညအအေးဒဏ်ကို ကာကွယ်ဖို့ စောင်တွေ မရှိပေမဲ့ သူတို့ ပုန်းအောင်းတဲ့ နေရာတွေကို မြန်မာစစ်တပ် တွေ့သွားမှာစိုးလို့ အနွေးဓာတ်ရအောင် မီးလည်း မဖိုရဲကြဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG