သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ပါလီမန် ရွေးကောက်ပွဲ ရွှေ့ဆိုင်း


မေလ ၂၂ ရက်နေ့မှာ လုပ်မယ့် လွှတ်တော် ရွေးကောက်ပွဲတွေကို ရက်ရွှေ့လိုက်တယ်လို့ အာဖဂန်နစ္စတန် ရွေးကောက်ပွဲ တာဝန်ရှိ အာဏာပိုင်တွေက ပြောပါတယ်။ ရန်ပုံငွေကိစ္စနဲ့ လုံခြုံရေး ကိစ္စတွေကြောင့် ရွှေ့ရတာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

ရွေးကောက်ပွဲကို ကျင်းပဖို့ ဒေါ်လာ သန်း ၁၂၀ မရှိတဲ့အတွက် စက်တင်ဘာလ ၁၈ ရက်ကို ရွှေ့လိုက်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်မင်းကြီး ဖာဇေးလ် အာမက်ဒ် မာနာဝီ (Fazil Ahmed Manawi) က တနင်္ဂနွေနေ့က ပြောပါတယ်။

အာဖဂန်နိုင်ငံသား အားလုံး လက်ခံနိုင်တဲ့ မြင်သာ၊ မျှတတဲ့ ရွေးကောက်ပွဲတရပ်ကို ကျင်းပမယ်လို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောကြပါတယ်။

အနောက်နိုင်ငံ သံတမန်တွေက ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကြပါတယ်။ သမ္မတ ရွေးကောက်ပွဲအတွင်း ဖြစ်ခဲ့တဲ့ လိမ်လည်မှုတွေကို ရှောင်နိုင်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်နိုင်အောင် အချိန်လုံလုံလောက်လောက် ရရှိလိမ့်မယ်လို့ သူတို့က မျှော်လင့်ကြပါတယ်။

ဒီအချိန်မှာပဲ အာဖဂန်၊ ပါကစ္စတန် နယ်စပ်တလျှောက်က အကြမ်းဖက်သမားတွေကို တိုက်ခိုက်ရေးအတွက် ပါကစ္စတန်နဲ့ တူရကီနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) တူရကီကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG