သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဂ္ဂဒက် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အနည်းဆုံး လူ ၃၆ ဦး သေဆုံး


အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ တနင်္လာနေ့က အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြီး ၃ ခုကြောင့် လူ ၃၆ ယောက်ထက်မနည်း သေဆုံးပြီး တခြား ၇၁ ယောက် ဒဏ်ရာရသွားကြပါတယ်။

ပေါက်ကွဲပစ္စည်း အပြည့်တင်ဆောင်ထားတဲ့ မော်တော်ကားတွေနဲ့ ဘဂ္ဂဒက် အစ်စ်တာ ရှရတန် ဟိုတယ် (Baghdad's Ishtar Sheraton Hotel)၊ ဘေဘီလုံ ဟိုတယ် (Babylon Hotel) နဲ့ အယ်လ်-ဟမ်ရာ ဟိုတယ် (al-Hamra Hotel) တွေကို လျှင်မြန်စွာ ဆက်တိုက် ဖောက်ခွဲသွားတာ ဖြစ်တယ်လို့ တာဝန်ခံများက ပြောကြားကြပါတယ်။

မတ်လ ၇ ရက်နေ့ အီရတ်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း သြဂုတ်လ နောက်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူတွေ ရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ အခုလည်း ရွေးကောက်ပွဲကို ပျက်အောင် တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်များက ခန့်မှန်းပြောဆိုကြပါတယ်။

ဝါရှင်တန်မြို့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အီရတ်နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ ဒီမိုကရေစီရေးနဲ့ ပုံမှန်ဖြစ်ရေး ကြိုးပမ်းနေတဲ့ အချိန်ဖြစ်လို့ ဒီတိုက်ခိုက်မှုက အကြမ်းဖက်သမားများကိုသာ ဆိုးကျိုးများ ပေးလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG