သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှိတ်ခ် မူဂျစ် လုပ်ကြံသူများကို ကွပ်မျက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၅ ခုနှစ်က တိုင်းပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင် ဖြစ်သူကို လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ အပြစ်ရှိတယ်လို့ စီရင်ချက် ချခံထားရသူ စစ်မှုထမ်းဟာင်း ၅ ယောက်ကို သေဒဏ်ပေးလိုက်ပါပြီ။

အဲဒီပုဂ္ဂိုလ် ၅ ယောက်ကို မနေ့က သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ နောက်ဆုံး တွေ့ခွင့်ပေးပြီး ဆွဲကြိုးချ သေဒဏ်ပေးလိုက်တဲ့အကြောင်း ဒေသစံတော်ချိန် ဒီနေ့ ကြာသပတေး မနက်မှာပဲ ထောင်တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

မနေ့ကပဲ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က နောက်ဆုံး တရားဥပဒေဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားခဲ့ပြီးနောက် သေဒဏ်ပေးဖို့ စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်နဲ့ စစ်တိုက်လို့အပြီး ၁၉၇၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စတင်ပေါ်ပေါက် လာရေးအတွက် ကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေးခေါင်းဆောင် ရှိတ်ခ် မူဂျစ်ဘာ ရာမန် (Sheikh Mujibur Rahman) ကို အဲဒီပုဂ္ဂိုလ် ၅ ဦးက လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ ပြစ်မှုထင်ရှားရှိကြောင်း တရားရုံးက ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ရှိတ်ခ် မူဂျစ်ဘာ ရာမန်ဟာ သူ့ဇနီးနဲ့ သား ၃ ယောက်နဲ့အတူ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။ လက်ရှိ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ခ် ဟာစီနာ (Sheikh Hasina) ဟာ အဲဒီ လုပ်ကြံခြင်း ခံခဲ့ရတဲ့ ခေါင်းဆောင်ရဲ့ သမီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG