သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း အီရတ်စစ်ပွဲဆိုင်ရာ ခုခံထွက်ဆို


အီရတ်နိုင်ငံကို စစ်ပွဲဆင်နွှဲဖို့ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဗြိတိသျှ အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု ကော်မရှင်ရှေ့မှောက်မှာ ကာကွယ် ပြောဆိုဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ ဟာ ဒီကနေ့ ထွက်ဆိုမှုတွေ စတင်လိုက်ပါပြီ။

ကွယ်လွန်သူ အီရတ်ခေါင်းဆောင်ဟောင်း ဆဒမ် ဟူစိန် အစိုးရဟာ ဆိုးရွားတဲ့ အစိုးရတရပ်ဖြစ်ပြီး၊ ဒီလို အစိုးရက လူတွေ အစုလိုက်အပြုံလိုက် သေကြေစေတဲ့ လက်နက်တွေ ထုတ်လုပ်နိုင်မယ့် အခြေအနေမျိုးအထိ အန္တရာယ် အဖြစ်ခံလို့မရဘူး ဆိုပြီး ဝန်ကြီးချုပ်ဟောင်း က ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ၁၁ ရက် အမေရိကန်ပြည်ထောင်စုမှာ တိုက်ခိုက်မှုတွေ နောက်ပိုင်း အီရတ် အစိုးရရဲ့ အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတွေဟာ ပြောင်းလဲလာတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့တာပါ။

အမေရိကန် သမ္မတဟောင်း ဂျော့ဂျ်ဘုရှ် နဲ့ အတူ ၂၀၀၃ ခုနှစ်မှာ အီရတ်စစ်ပွဲ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဘလဲ တို့ဟာဆိုရင် အီရတ်အာဏာရှင်ဟောင်း ဆဒမ် ဟူစိန် မှာ လူအစုလိုက် အပြုံလိုက် သေကြေစေတဲ့ လက်နက်တွေ ရှိတယ်လို့ ယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း အီရတ်နိုင်ငံမှာ ဒီလိုလက်နက်တွေ ရှိတယ်ဆိုတာ နောက်ပိုင်းမှာ မတွေ့ရတဲ့အတွက် ဝေဖန်သူတွေက ဒီစစ်ပွဲဟာ တရားဝင်မှုရှိပါရဲ့လား မေးခွန်းတွေ ထုတ်ခဲ့ကြတာပါ။

သမ္မတဟောင်း ဘုရှ် နဲ့ သူပြောဆိုရာမှာ ဆဒမ် အစိုးရကို ကိုင်တွယ်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ အကြောင်းသာ ပြောခဲ့တယ်လို့လည်း ဝန်ကြီးချုပ်ဟောင်း ဘလဲ က ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အီရတ်နိုင်ငံ စေလွှတ်ပြီး စစ်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်ချက်ဟာ ဆိုရင်တော့ သူ့ရဲ့ ဝန်ကြီးချုပ်သက်တမ်းမှာ အချေအတင် အဖြစ်ရဆုံး ကိစ္စရပ်တခုလည်း ဖြစ်ခဲ့တာပါ။ စစ်ထဲဝင်ဖို့အတွက် အများပြည်သူကို လှည့်ဖျားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG