သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အမေရိကန် လိုလား


မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး က အစည်းအဝေးတခုအတွင်း ပြောခဲ့တဲ့ မှတ်ချက်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ သူ့အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတဲ့အပေါ် ဆုံးဖြတ်ချက် မချရသေးခင် တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မကြာသေးခင်ကပဲ ပြောဆိုခဲ့ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာတာကို မြင်ချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပိုပြီးကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ချင်ပြီး အဲဒီအလားအလာတွေကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။ အာဏာရှင် အုပ်ချုပ်ရေးကာလကနေ၊ အထီးကျန်ဖြစ်နေတဲ့ အခြေအနေကနေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေရာ ကနေ ပြောင်းလဲဖို့ အဆင်သင့်ရှိတယ် ဆိုတာကိုပြတဲ့ တိုးတက်မှုမျိုးတွေကို မြင်ရဖို့ တကယ့်ကို မျှော်လင့်နေ ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ဖို့နဲ့ အကူအညီတွေပေးဖို့ အမေရိကန်ပြည်ထောင်စုက အဆင်သင့်ရှိပါတယ်။ ဒါပေမဲ့ အထောက်အထားတချို့ကို အရင်ဆုံးကြည့်ရမှာဖြစ်တယ်၊" - လို့ ဟီလာရီ ကလင်တန် က ပြောသွားပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နဲ့ ဗွီအိုအေ တို့ သောကြာနေ့က သီးခြားတွေ့ဆုံ မေးမြန်းရာမှာ အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG