ဒီကနေ့ အီရတ်နိုင်ငံ မြောက်ပိုင်းမှာ အသေခံ ဗုံးခွဲသမားတဦးရဲ့ ဖောက်ခွဲမှုကြောင့် ရှီးယိုက် မွတ်ဆလင် ဘုရားဖူး ၄၁ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အနည်းဆုံး လူ ၁၀၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အီရတ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘုရားဖူး လူအုပ်ကြီးထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ခါးမှာပတ်ထားတဲ့ အမျိုးသမီးတဦးက မိမိကိုယ်ကို ဗုံးဖောက်ခွဲခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ထောင်နဲ့ချီတဲ့ ရှီးယိုက် မွတ်ဆလင်တွေက အီရတ်နိုင်ငံတောင်ပိုင်း ကာဘာလာ (Karbala) မြို့ကို ဦးတည်ပြီး ဘာသာရေး အခမ်းအနားတရပ် တက်ရောက်ဖို့ ခရီးအသွား အခုလို တိုက်ခိုက်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာသာရေး အခမ်းအနားကို သွားနေတဲ့ ပြည်သူတွေကို သူပုန်တွေက မကြာခဏဆိုသလို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ကြတာ ဖြစ်ပါတယ်။