သြဂုတ်လမှာ စတင်မဲ့ ၂၀၁၁ ခုနှစ် ဘဏ္ဍာရေး အသုံးစရိတ်အတွက် သန်းပေါင်း သုံးသန်း ရှစ်သိန်း ကွန်ဂရက်စ်လွှတ်တော်က အတည်ပြုပေးဖို့ သမ္မတအိုဘားမားက အဆိုပြုထားပါတယ်။ ရီပတ်ဗလစ်ကန်တွေဘက်ကတော့ သမ္မတအိုဘားမားရဲ့ အဆိုပြုချက်ဟာ မတန်တဆ သုံးစွဲပြီး အခွန်တွေ မတန်တဆ ကောက်ခံဖို့နဲ့ ငွေအမြောက်အများ ချေးယူသုံးစွဲတဲ့ အဆိုပြုချက်ဖြစ်တယ်လို့ ပြောပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးနဲ့ ဒေါ်ခင်စိုးဝင်းတို့ တင်ပြထားပါတယ်။