ဒီနှစ်ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က ပြန်လွတ် ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ နှစ်ရှည်ကြာများ တက်နေတဲ့ နိုင်ငံရေး ပြဿနာတွေ အတွက် ပြေလည်မှု ရရှိနိုင်ပါ့မလား ဆိုတာကို ဆွေးနွေး ဖို့အတွက် ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ NCGUB အဝေးရောက် အစိုးရအဖွဲ့ရဲ ၀န်ကြီး တဦးလည်းဖြစ်တဲ့ ဦးခွန်မားကိုဘန်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ဦးမျိုးညွန့်တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။