သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ့်လက် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်


ဖေဖ၀ါရီ ၃၊ ၂၀၁၀။ ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာရုပ်ပိုင်း ကျန်းမာရေးတင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးဖြစ်စေတယ်ဆိုတာ လေ့လာတွေ့ရှိထားပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် မှတ်ဉာဏ်အားနည်းလာတတ်တဲ့ လူကြီးပိုင်းတွေမှာ စဉ်းစားမှု မှတ်ဉာဏ်အာရုံ ပိုတက်လာသလို၊ သတိမှတ်ဉာဏ် မေ့လျောတာမျိုးတွေကိုလည်း လျော့ပါးသွားစေတယ်ဆိုတာ လေ့လာချက်သစ် တရပ်မှာ တွေ့ရပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုနဲ့ နှလုံးကျန်းမာရေးအတွက် အားကောင်းစေပါတယ်။ ကိုယ်အလေးချိန် ထိန်းညှိုပေးနိုင်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးလို နာတာရှည်ရောဂါမျိုးတွေ ဖြစ်နိုင်ချေလည်း နည်းသွားစေပါတယ်။ စိတ်ကျရောဂါဖြစ်နိုင်ချေလည်း နည်းသွားတာ လေ့လာချက်မှာ တွေ့ရပါတယ်။

Dr.Laura Baker ဦးဆောင်တဲ့ အဖွဲ့ဟာ သက်ကြီးပိုင်း ၃၀ ကျော်ကို စံထားလေ့လာခဲ့တာပါ။ သူတို့ကို အုပ်စုနှစ်စု ခွဲပါတယ်။ တစုကိုတော့ ခန္ဓာကို်ယ် အားစိုက်ထုတ်စရာမလိုတဲ့ ခြေလက် အကွေးအဆန့် ရိုးရိုးလေ့ကျင့်ခန်းပဲ လုပ်စေပါတယ်။ ဒုတိယအုပ်စုကိုတော့ တပတ်ကို လေးနာရီကြာ နှလုံးခုန်နှုန်း မြန်လာတဲ့အထိ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်စေပါတယ်။ အဲဒီ အုပ်စုနှစ်စု ရလဒ်ကို လေ့လာတော့ အေရိုးဗဟ် လေ့ကျင့်ခန်းလုပ်တဲ့ အုပ်စု လူကြီးပိုင်းတွေမှာ အာရုံစိုက်မှု စိတ်တည်ငြိမ်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအား တတ်လာပါတယ်။ ဒီလူတွေဟာ ကိုယ့်ရဲ့ စိတ်အာရုံကိုလည်း ထိန်းချုပ်လာနိုင်ပါတယ်။

ဒီလေ့လာချက်ကို အခြေခံပြီးတော့ ကိုယ်လက် လေ့ကျင့်ခန်းဟာ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အားဖြစ်စေတယ်ဆိုတာ ကောက်ချက်ဆွဲ သုံးသပ်ခဲ့ကြတာပါ။ ဒီအကြောင်းကိုတော့ ဒီအပတ်ကျန်းမာရေးအစီအစဉ်မှာ မအေးသန္တာကျော်နဲ့အတူ ဆွေးနွေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG