ကမ္ဘာနဲ့အ၀န်း စီးပွားရေး အကျပ်အတည်းတွေနဲ့ ကြုံခဲ့ရတဲ့ကြားက တရုတ်နိုင်ငံကတော့ မြန်မြန်ဆန်ဆန် နာလန်ထူလာပြီး ဖွံ့ဖြိုးမှုတွေဟာလည်း အရှိန်အဟုန် ကောင်းနေတာကို တွေ့မြင်နေရပါတယ်။ ဒါပေမဲ့လည်း ဒီလို စီးပွားရေး အရှိန်အဟုန်တွေဟာ တကယ်ပဲ ခိုင်ခိုင်မာမာ ရှိပါရဲ့လား၊ အာမခံချက်ရှိပါရဲ့လား ဆိုတာကိုတော့ စီးပွားရေး လေ့လာဆန်းစစ်သူတွေက သံသယတွေ ရှိနေကြဆဲပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Heda Bayron ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။