သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းခံအမေရိကန် မြောက်ကိုရီးယား ပြန်လွှတ်ပေးမည်


လူ့အခွင့်အရေးတွေကိုတိုးမြှင့်ရေး ဆောင်ရွက်ဖို့ဆိုပြီး မြောက်ကိုရီးယားနိုင်ငံထဲကို ဒီဇင်ဘာလထဲက တရားမ၀င် ၀င်ရောက်ခဲ့သူအမေရိကန်နိုင်ငံသား ဘာသာရေးလှုပ်ရှားဆောင်ရွက်သူ ရောဘတ် ပတ်ခ် ကို လွှတ်ပေးတော့မယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောလိုက်ပါတယ်။ ရောဘတ်ပတ်ခ် က သူ့လုပ်ရပ်အပေါ်မှာ နောင်တကြီးစွာ ရမိပါတယ်လို့ ထုတ်ဖော်ပြောကြား ခဲ့ပြီးတဲ့နောက်မှာ မြောက်ကိုရီးယား အစိုးရအနေနဲ့ ပတ်ခ် ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အစိုးရပိုင် ကိုရီးယား စင်ထရယ်သတင်းဌာနမှာ ဒီကနေ့ပြောလိုက်တာပါ။

ခရစ်ယာန်သာသနာပြုတဦးဖြစ်တဲ့ ပတ်ခ် ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်နေ့က ၀င်ရောက်ခဲ့တာပါ။ သူက အဓမ္မ လုပ်အားပေးစေခိုင်းနေတဲ့ စခန်းတွေကိုပိတ်ပစ်ဖို့၊ မြောက်ကိုရီးယားမှာ ဆင်းရဲမွဲတေမှုတွေကို အကူအညီပေးမယ့် ပြင်ပအကူအညီတွေကို လက်ခံဖို့အတွက် မြောက်ကိုရိးယားသမ္မတ ကင်ဂျုံအီးလ် ကို ဘုရားသခင်ရဲ့ မေတ္တာတော်တွေ ကောင်းချီးပေးဖို့ ၀င်ရောက်ခဲ့တာလို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း မြောက်ကိုရီးယားအစိုးရက မိမိတို့နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာခဲ့တဲ့ နောက်ထပ် အမေရိကန်နိုင်ငံသား တယောက်ကို ဖမ်းဆီးထားသေးတယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်အစိုးရကတော့ အဲဒီလူဟာဘယ်သူ ဘယ်ဝါဆိုတာ အတည်ပြုနိုင်ဖို့ ဆွီဒင်သံရုံးကနေတဆင့် ကြိုးစားနေကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ အမေရိကန်သံရုံး မရှိတဲ့အတွက် အခုလိုမျိုး မြောက်ကိုရီးယားနိုင်ငံထဲမှာ ဖြစ်ပျက်တဲ့ အမေရိကန်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွီဒင်သံရုံးက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

XS
SM
MD
LG