အမေရိကန်နိုင်ငံ အလယ်ပိုင်း အတ္တလန်တိတ်ဒေသတလျှောက် နှင်းမုန်တိုင်းကြီးကျရောက်နေပြီး ဝါရှင်တန်ဒီစီမြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမျာ ၂ ပေနီးပါးထိ ထူထဲတဲ့ နှင်းထုက ဖုံးလွှမ်းထားပါတယ်။
နှင်းမုန်တိုင်းဟာ ပင်လယ်ဘက်ကို ဦးတည်ထွက်မသွားခင် ဝါရှင်တန်မြို့တော်ဒေသမှာ စနေနေ့နှောင်းပိုင်းဆိုရင် လက်မ ၃၀ လောက်ထိ ဖြစ်သွားလိမ့်မယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်း၊ ပန်ဆယ်လ်ဗေးနီးယား၊ ဒယ်လာဝဲနဲ့ နယူးဂျာစီပြည်နယ်တွေမှာ နှင်းမုန်တိုင်း ဒါမှမဟုတ် ဆောင်းမုန်တိုင်း ကျရောက်မယ့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ ဆိုင်တွေ၊ စီးပွာေးရးလုပ်ငန်းတွေ၊ ဘတ်စကားလိုင်းတွေနဲ့ မြေပေါ်သွားတဲ့ ရထားလိုင်းတွေ အားလုံး ပိတ်ထားရပြီး ဒေသခံတွေဟာလည်း အိမ်တွေထဲမှာပဲနေပြီး နှင်းထုအပြည့်နဲ့လမ်းတွေပေါ်မှာလည်း လူမရှိသလောက်ပါပဲ။ စိုစွတ်နေတဲ့ နှင်းတွေနဲ့ လေပြင်းတိုက်တာကြောင့် သစ်ပင်တွေ လဲကျ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်တာကြောင့် သိန်းသောင်း ချီတဲ့ လူနေအိမ်တွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပါတယ်။