အီရန်နိုင်ငံရဲ့ နျူကလီးယား အေဂျင်စီ အနေနဲ့ အဆင့်မြင့် သန့်စင်ထားတဲ့ ယူရေနီယံတွေ စတင်ထုတ်လုပ်ဖို့ အီရန် သမ္မတက ညွှန်ကြားလိုက်တဲ့အတွက် အနောက်အုပ်စုနဲ့ နျူကလီးယားကိစ္စ အပေးအယူ လုပ်နိုင်ပါ့မလားလို့ ယုံမှားသံသယ ဖြစ်ပေါ်သွားစေပါတယ်။
ယူရေနီယံတွေ ၂၀% အထိ သန့်စင်လာအောင် ထုတ်လုပ်ဖို့ အီရန်နိုင်ငံရဲ့ အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲ အလီ အက်ခ်ဘာ ဆာလေးဟီး (Ali Akbar Salehi) ကို သူတောင်းဆိုထားတယ်လို့ အီရန်သမ္မ မာမွတ်ဒ် အမာဒီနီဂျတ်ဒ် (Mahmoud Ahmadinejad) က အစိုးရပိုင် ရုပ်မြင်သံကြားမှာ တနင်္ဂနွေနေ့က ပြောကြားခဲ့တာပါ။
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေ ရပ်တန့်ရေး နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်း ဖိအားပေးကြဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က တိုက်တွန်း ပြောကြားအပြီးမှာ အီရန်သမ္မတက အခုလို ပြောဆိုလိုက်တာပါ။
ပိတ်ဆို့အရေးယူမှုတွေနဲ့ အလုပ်ဖြစ်နိုင်ခြေ ရှိတယ်လို့ ဒီကနေ့ အီတလီနိုင်ငံ ရောမမြို့မှာ ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။