သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ


ယူကရိန်းနိုင်ငံ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားကို လိုလားတဲ့ အတိုက်အခံခေါင်းဆောင် ဗစ်တာ ယာနူကိုဗစ်ခ်ျ (Viktor Yanukovych) က ၀န်ကြီးချုပ် ယူလီယာ တင်မိုရှန်ကို (Yulia Tymoshenko) အပေါ် အနိုင်ရသွားကြောင်း မဲရလဒ်များက ဖော်ညွှန်းနေပါတယ်။

မစ္စတာ ယာနူကိုဗစ်ခ်ျက အနိုင်ရပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး ၀န်ကြီးချုပ်အဖြစ်က နှုတ်ထွက်ပါလို့ မစ်စ် တင်မိုရှန်ကို ကို တောင်းဆိုပေမဲ့ ရှုံးသွားပြီလို့ မပြောနိုင်သေးဘူးလို့ ၀န်ကြီးချုပ်က တင်းခံထားပါတယ်။

တနင်္ဂနွေနေ့မှာ ထွက်လာတဲ့ မဲအနိုင်အရှုံးနဲ့ တခြား မဲသုံးသပ်မှု စာရင်းများကလည်း မစ္စတာ ယာနူကိုဗစ်ခ်ျက ၀န်ကြီးချုပ် တင်မိုရှန်ကို ကို ၄၉%၊ ၄၆% နဲ့ နိုင်သွားတယ်လို့ တွက်ချက် ခန့်မှန်း ပြောဆိုပါတယ်။

တနင်္ဂနွေနေ့ည တရားဝင် မဲစာရင်းများကလည်း အတိုက်အခံခေါင်းဆောင် အသာရနေကြောင်း ဖော်ညွှန်းပြီး အပြီးသတ် အနိုင်အရှုံး စာရင်းကိုတော့ ဒီသီတင်းပတ်အတွင်း ကြေညာမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG