သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် အမာခံစခန်း တခုကို ပါကစ္စတန်တပ်ဖွဲ့ သိမ်းပိုက်


ပါကစ္စတန် စစ်တပ်က အာဖဂန်နယ်စပ်အနီး တာလီဘန်တို့ရဲ့ အဓိက ခြေကုပ်စခန်းကြီး တခုကို ပြန်လည် သိမ်းပိုက်လိုက်ပြီလို့ ကြေညာပါတယ်။

၂၀၀၈ ခုနှစ် ထိုးစစ်ကြီးနောက်ပိုင်း ဒါမာဒိုလာ (Damadola) ခေါ် ကျေးရွာအုပ်စု စစ်သွေးကြွတွေနဲ့ ကင်းသွားပြီလို့ ပါကစ္စတန် အစိုးရ တပ်ဖွဲ့များက ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘာဂျော (Bajaur) တိုင်းရင်း လူမျိုးစုများရဲ့ အဓိကမြို့ဖြစ်တဲ့ ခါး (Khar) ရဲ့ မြောက်ဘက် မဟာဗျူဟာအရ အဓိကကျတဲ့ အရပ်ကို ကာကွယ်ဖို့ မကြာသေးခင်က တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးတို့ ပြန်လာခဲ့ကြတယ်လို့ အစိုးရ တာဝန်ခံများက ပြောပါတယ်။

ပါကစ္စတန် စစ်တပ်က တိုင်းရင်းသား ပြည်သူ့စစ်များနဲ့အတူ စစ်တိုက်လေယာဉ်များနဲ့ စစ်တပ်ရဲ့ စက်လက်နက်တပ် စစ်ရဟတ်ယာဉ်များ ကျောထောက်နောက်ခံပြုလျက် ထိုးစစ်အသစ်ဆင်ရင်း သူပုန် ၆၀ လောက်ကို ရှင်းပစ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အဲဒီဒေသကို ကယ်ဆယ်ရေး ဝန်ထမ်းများနဲ့ သတင်းထောက်များအား သွားခွင့်မပြု ပိတ်ပင်ထားလို့ ပါကစ္စတန် စစ်တပ်ရဲ့ ကြေညာချက် မှန်ကန်သလားဆိုတာ အတည်ပြုလို့ မရနိုင်သေးပါဘူး။

ဒါမာဒိုလာဟာ အမေရိကန်တို့ရဲ့ လူမပါတဲ့ စစ်လေယာဉ်က ဒုံးလက်နက်များနဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင်များအား ပစ်မှတ်ထား တိုက်ခိုက်နေတဲ့နေရာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG