သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်


ထိုင်းနိုင်ငံမှာ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ တရားခွင် စွဲဆိုမယ့်နေ့မှာ တပ်အင်အား ၂၀,၀၀၀ ကို တပြည်လုံးမှာ ဖြန့်ချထားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက မစ္စတာသက်ဆင်ရဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၂,၀၀၀ လောက် တန်ကြေးရှိတဲ့ ပိုင်ဆိုင်မှုတွေကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ တရားရုံးက သိမ်းယူကြောင်း အမိန့်ထုတ်ပြန်တဲ့အခါ မစ္စတာသက်ဆင်ကို လိုလားသူတွေက ဆန္ဒပြမှုတွေကို ခွင့်ပြုမှာ ဖြစ်ပေမဲ့လည်း သွေးထွက်သံယိုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

မစ္စတာသက်ဆင်ကို လိုလားသူတွေက တရားရင်ဆိုင်မယ့် ရက်ထက် ကြိုတင်ပြီး အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဆင်နွှဲသွားကြဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

အင်အား ၁၃,၀၀၀ ထက် မနည်းတဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ထိုင်းနိုင်ငံ အနှံ့က ပြည်နယ်နဲ့ ခရိုင်တွေမှာ တပ်ဖြန့်ချထားမှာ ဖြစ်ပြီး ဘန်ကောက်မြို့တော် တ၀ိုက်မှာတော့ တပ်အင်အားကို ၆,၀၀၀ နဲ့အထက် ဖြန့်ချထားမှာ ဖြစ်ကြောင်းနဲ့ မြို့တော် နယ်မြေအတွင်းမှာ စစ်ဆေးရေးဂိတ်ပေါင်း ၂၀၀ ထက်မနည်း ထားရှိဖို့ စီစဉ်ထားတဲ့အကြောင်း အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုလိုက်ပါတယ်။

မစ္စတာသက်ဆင်ရဲ့ ပိုင်ဆိုင်မှုတွေဟာ သူ့ကို ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ ကတည်းက အစိုးရက သိမ်းယူနိုင်ဖွယ် ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG