သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း


အီရန်နိုင်ငံက ယူရေနီယံ သန့်စင်ရေးကို ပိုပြီး မြှင့်တင်လုပ်ဆောင်မယ်လို့ ကြေညာပြီးတဲ့နောက် အီရန်နိုင်ငံကို နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု အသစ်တရပ် လုပ်ဖို့ တွန်းအားပေးမယ့်အကြောင်း အမေရိကန်နဲ့ ပြင်သစ်တို့က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အီရန်နိုင်ငံကို ပိတ်ဆို့ အရေးယူထားပြီး ဖြစ်ပါတယ်။ အခုလို အသစ်ထပ်မံ အရေးယူဖို့ ကြေညာချက်ကို တနင်္လာနေ့က ပါရီမြို့မှာ ကြေညာခဲ့တာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဟာဗီ မိုရင် (Herve Morin) ကို ပါရီမှာ တွေ့ဆုံနေပါတယ်။

ဒီလမှာပဲ ပိတ်ဆို့ အရေးယူရေး အသစ် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီမှာ တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြင်သစ်က လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်နေပါတယ်။

ယူရေနီယံကို ပိုပြီး အဆင့်မြှင့် သန့်စင်ဖို့ စီစဉ်ထားကြောင်း အီရန်နိုင်ငံက ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီကို တနင်္လာနေ့က ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒုံးကျည်ကာကွယ်ရေး စနစ်တရပ်ကို အီရန်နိုင်ငံက သူ့ဘာသာ တည်ဆောက်နေကြောင်း အီရန်လေတပ် တပ်မှူးတဦးက ပြောပါတယ်။ ဒီ ကာကွယ်ရေးစနစ်ကို ရုရှားနိုင်ငံက တင်သွင်းဖို့ သဘောတူခဲ့ပေမဲ့ ရုရှားက ပေးတာ နှေးကွေးနေခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ မြေပြင် ဝေဟင်ပစ် စနစ်က ရုရှားစနစ်လောက် ကောင်းပါတယ်လို့ သူက ဆိုပါတယ်။

ရုရှားနဲ့ ၂၀၀၇ ခုနှစ်မှာ သဘောတူခဲ့ပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖိအားကြောင့် အီရန်ကို ပေးဖို့ နှောင့်နှေးနေခဲ့တယ်လို့ အီရန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG