အပျော်တမ်း ဗွီဒီယို ရိုက်ပို့ကြတဲ့သူတွေရဲ့ ဗွီဒီယို ရုပ်ပုံတွေကို အခမဲ့ တင်ပေးရာကနေစခဲ့တဲ့ YouTube အင်တာနက် မီဒီယာကွန်ယက်ဟာ အခုတော့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ကြားခံ မီဒီယာတခု ဖြစ်လာနေပြီး မြန်မာ့အရေး လှုပ်ရှားမှုနဲ့လည်းဆိုင်တဲ့ ဗွီဒီယိုရုပ်သံပုံတွေကိုလဲ ရှာကြည့်လို့ ရနေပါပြီ။ အင်တာနက် (Internet) ဆက်သွယ်မှုနဲ့ သတင်းလွတ်လပ်ခွင့် ရှိတဲ့ နိုင်ငံတွေမှာ YouTube ပေါ်ကနေ ဗွီဒီယိုတွေကို အလွယ်တကူကြည့်လို့ ရနေပေမယ့် မြန်မာနိုင်ငံမှာတော့ YouTube Website ကို ၀င်ကြည့်လို့ မရသေးပါဘူး။ အကြောင်းစုံကို မစုမြတ်မွန်, က တင်ပြပေးထားပါတယ်။
Burmese Version
English Version