သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ


သီရိလင်္ကာနိုင်ငံမှာ အရင်လက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သူ စစ်ဦးစီးချုပ်ဟောင်းကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံရဲ့ ထိပ်တန်း အတိုက်အခံပါတီ တခုဖြစ်တဲ့ JVP ခေါ် ပြည်သူ့လွတ်မြောက်ရေး တပ်ဦးရဲ့ ရုံးခန်းမှာ တနင်္လာနေ့က အစည်းအဝေး ထိုင်နေတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဆာရတ်သ် ဖွန်ဆီကာ (Sarath Fonseka) ကို စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ အတိုက်အခံ နိုင်ငံရေးသမား တဦးဖြစ်တဲ့ ယာအူး ဟန်ကင်က ပြောပါတယ်။

စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတုန်း အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုနဲ့ ဆိုပြီး ဗိုလ်ချုပ်ကြီး ဖွန်ဆီကာကို စစ်ခုံရုံးတင်မယ်လို့ သီရိလင်္ကာ လုံခြုံရေး အရာရှိတွေက ဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်း သီရိလင်္ကာ သမ္မတ မဟင်ဒါ ရာဂျာပက်ခ်ဆာ (Mahinda Rajapaksa) ကို လုပ်ကြံဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာကို ဖမ်းဆီးတာ မဟုတ်ကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ကီဟီလီယာ ရမ်ဘူဝယ်လာ (Keheliya Rambukwella) က ပြောပါတယ်။

အရင်လက သမ္မတ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီး ဖွန်ဆီကာ သမ္မတ ရာဂျာပက်ခ်ဆာကို ရှုံးနိမ့်သွားပြီး ကတည်းက သီရိလင်္ကာနိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ မြင့်မားနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG