အခုတပါတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ မြန်မာ့ ပန်းချီပြပွဲတခုအကြောင်းကို ကြားရမှာပါ။ အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ပန်းချီသမား ၁၆ဦးစုပေါင်းပြီး ပထမဆုံးအကြိမ် ပြသတဲ့ပွဲဖြစ်ပါ တယ်။ အခု ဖေဖေါ်ဝါရီတလလုံး ပြသထားမှာပါ။ မြန်မာပြည်မှာ နာမည်ကြီးခဲ့တဲ့ ပန်းချီသမားတွေရော အမေရိကန်မှာ ပန်းချီကို လေ့လာရေးဆွဲနေကြတဲ့ လူငယ်ပန်းချီသမားတွေရော မျိုးဆက်သုံးခုရောပြီး ပြသတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲဖြစ်မြောက်အောင် အဓိက ဆောင်ရွက်သူကတော့ ပန်းချီ ချောအိသိန်းပါ။ ဒီပြပွဲအကြောင်း သိရအောင် ကိုကျော်အောင်လွင်က မချောအိသိန်းကို ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။