သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါ်စုနဲ့ တွေ့ဖို့ မျှော်လင့်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း မစ္စတာကင်တားနားက ဆွေးနွေးဖို့ ရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကြောင့် ၂၀၁၀ ဟာ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့ နှစ်တနှစ် ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကို ဖမ်းဆီးထားတဲ့အတွက် လုပ်မယ့် ရွေးကောက်ပွဲဟာ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားလို့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက သံသယ ရှိနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG