မြန်မာနိုင်ငံက နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲပေးမယ့် အစီအစဉ်တွေ အခုတလောမှာ အတော် ကြားနေရပါတယ်။ နိုင်ငံတ၀န်းက အစိုးရပိုင် လုပ်ငန်း ကြီးငယ် စုစုပေါင်း ၁ ရာကျော်ကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်း ပေးဖို့အထိ မကြာသေးခင်ကပဲ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ ဈေးကွက်စီးပွားရေးရဲ့ အခြေခံအဖြစ်နဲ့ ပုဂ္ဂလိကကဏ္ဍကို အားဖြည့်ပေးမယ့် အစီအစဉ်တွေ ဖြစ်စေမှာလား၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့ အစိုးရက တကယ်ပဲ ရည်ရွယ် လုပ်ဆောင်လာတဲ့ အစီအမံတွေလား ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။