သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို ထိုးစစ်ဆင်တိုက်ခိုက်


အာဖဂန်နစ္စတန်တောင်ပိုင်းက တာလီဘန်တွေရဲ့ အခိုင်အမာ ခြေကုပ်စခန်းတခုရဲ့ အဓိက အစိတ်အပိုင်းတွေကို အမေရိကန်၊ ဗြိတိသျှနဲ့ အာဖဂန် တပ်သား ထောင်ပေါင်းများစွာက လမ်းဘေးထောင်ဗုံးတွေ၊ ထောင်ချောက်ဗုံးတွေကို ကျော်ဖြတ်ပြီးတော့ သိမ်းပိုက်နိုင်လိုက်ပါပြီ။

အကြီးအကျယ် ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေး ပထမဦးဆုံးနေ့ စနေနေ့မနက် အရုဏ်တက်ချိန်မှာပဲ ဟယ်လ်မန် ပြည်နယ်က မာဂျက်စိုက်ပျိုးရေးနဲ့ မွေးမြူရေးနယ်ဆီကို အမေရိကန် ရဟတ်ယာဉ်တွေ၊ သံချပ်ကာ ကားတွေ ရောက်လာကြတာပါ။ အဲဒီဒေသတဝိုက်မှာ သူပုန် ၁,၀၀၀ လောက်တောင်မှ ခိုအောင်းနေတယ်လို့ ယူဆရပေမဲ့ သူတို့ရဲ့ ခုခံမှု ကြိုကြားကြိုကြားပဲ ကြုံရတယ်လို့ အမေရိကန်တပ်သားတွေက ပြောပါတယ်။ မြို့ရဲ့ တခြမ်းကို သိမ်းထားလိုက်ပြီလို့လည်း ဗြိတိသျှစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အစပိုင်းမှာ မျက်နှာချင်းဆိုင် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားပြီး တာလီဘန် အယောက် ၂၀ လောက် သေဆုံးသွားခဲ့သလို နောက်ထပ် ၁၁ ဦးကို ဖမ်းဆီးမိထားတယ်လို့ အာဖဂန်တပ်မှူး ရှာ မိုဟာမတ် ဇာဇိုင်း က ဆိုပါတယ်။ အမေရိကန် တပ်သားတဦးနဲ့ ဗြိတိသျှတပ်သားတဦးလည်း သေဆုံးသွားတယ်လို့ နေတိုး (NATO) ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG