သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား လုပ်နေသမျှ အီရန်ကို အမေရိကန် ဆက်ဆံမည် မဟုတ်


အီရန်နိုင်ငံနဲ့ နျူကလီးယား အငြင်းပွားမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။ ဒါပေမဲ့ အီရန်က ဗုံးလုပ်နေစဉ်မှာတော့ အီရန်နဲ့ ထိတွေ့ဆက်ဆံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အစ္စလမ်ကမ္ဘာ ညီလာခံမှာ စကားပြောကြားစဉ် အီရန်ရဲ့ အန္တရာယ် ကြီးမားလှတဲ့ နျူကလီးယား မူဝါဒကို ပြောင်းလဲဖို့ ကလင်တန်က တိုက်တွန်းခဲ့ပါတယ်။

သူ့ရဲ့ ရန်စလာတဲ့ ခြေလှမ်းတွေအတွက် အီရန်အနေနဲ့ တန်ဖိုးကြီးကြီး ပေးရမယ့် အရေးယူမှုမျိုးကလွဲပြီး နိုင်ငံတကာ အသိုက်အဝန်းမှာ ရွေးစရာ သိပ်မရှိလှပါဘူးလို့ သူမက ပြောပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်အပေါ် အမေရိကန်က စိုးရိမ်နေတဲ့အတိုင်း ပင်လယ်ကွေ့ နိုင်ငံများကလည်း အတူမျှေ၀ စိုးရိမ်နေပါတယ်လို့ ကာတာနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ခ် ဟာမက်ဒ် ဘင် ဂျပ်စင် အယ်လ်-သာနီ (Sheikh Hamad bin Jassim al-Thani) ကလည်း ညီလာခံမှာ ပြောပါတယ်။

အီရန်နိုင်ငံအပေါ် စတုတ္ထမြောက်အသုတ် ပိတ်ဆို့အရေးယူရေး ချမှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အမေရိကန်က တိုက်တွန်းနေပါတယ်။ အီရန်က ယူရေနီယမ် သန့်စင်နေတာကို ရပ်ဆိုင်းဖို့ ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG