သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ထိပ်တန်းတပ်မှူး ပါကစ္စတန်မှာ ဖမ်းဆီးရမိ


ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ လွန်ခဲ့တဲ့ ရက်အတန်ကြာက ပူးတွဲ လျှို့ဝှက် ထောက်လှမ်း ဆင်နွှဲအပြီး ထိပ်တန်း တာလီဘန် တပ်မှူးတဦးကို ထောက်လှမ်းရေး တပ်ဖွဲ့များက ဖမ်းဆီးလိုက်တယ်လို့ အမေရိကန်နဲ့ ပါကစ္စတန် အစိုးရ တာဝန်ခံများက ပြောကြားကြပါတယ်။

အဲဒီတပ်မှူးကြီးဟာ မူလာ အဗ္ဗဒူလ် ဂါနီ ဘာရာဒါ (Mullah Abdul Ghani Baradar) ဖြစ်ပြီး အခု ပါကစ္စတန်မှာ သူ့ကို ချုပ်နှောင်ထားတယ်လို့လည်း ဆက်ပြီး ပြောပါတယ်။ အဲဒီ တပ်မှူးကြီး ဘာရာဒါဟာ အာဖဂန်နွယ်ဖြစ်ပြီး တာလီဘန် အဖွဲ့ကြီးကို တည်ထောင်သူ မူလာ မိုဟာမက် အိုမာ (Mullah Muhammad Omar) ပြီးရင် ဒုတိယ သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် အာဖဂန်စစ်ပွဲ စတင်ကတည်းက ဖမ်းဆီးမိတဲ့အထဲ သူဟာ အထင်ရှားဆုံး တာလီဘန်ခေါင်းဆောင်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်တွေကတော့ အဲဒီသတင်းဟာ ကောလာဟလ သတင်းသာ ဖြစ်တယ်၊ လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် အာရုံလွှဲဖို့ ကြိုးပမ်းခြင်းသာ ဖြစ်တယ်ဆိုပြီး လက်မခံ ပယ်ချလိုက်ပါတယ်။

တာလီဘန်တို့ရဲ့ စစ်ဆင်ရေးမှာရော၊ ခေါင်းဆောင်ပိုင်းမှာပါ ဦးဆောင်နေတဲ့ တပ်မှူးကြီး ဘာရာဒါ ထောက်လှမ်းမှုမှာ ပါဝင်ကြတဲ့ အမေရိကန် ထောက်လှမ်းရေး သမားများနဲ့ ပါကစ္စတန် ထောက်လှမ်းရေး သမားများက သူ့ကို စစ်ဆေးနေကြပြီး အခုလို ဖမ်းဆီးမိခြင်းက အမေရိကန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား ထောက်လှမ်းရေး တာဝန်ခံများ ပူးပေါင်းဆောင်ရွက်မှု အဆင့်တဆင့် မြင့်တက်လာတယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG